Wednesday, September 3, 2014

Fire protection



ရှေ့မှအဆက်……….
    1. Life Safety is Ultimate Building Design
o    အဆောက်အအုံ တစ်ခု မီးဘေးက နေ ကာကွယ်ဘို့ အတွက် အနိမ့်ဆုံး လိုအပ်ချက်တွေ ကတော့။
1.    Mean of Escape for the Occupants (နေထိုင်သူ တွေ အန္တရာယ် ကင်းကင်း ထွက်ခွာ စေနိုင်ဘို့)
2.    To prevent spread of fire within the building and from one building to another (အဆောက်အအုံ အတွင်း မှာ ပဲဖြစ်ဖြစ်၊ အခြားအဆောက်အအုံ ကိုဖြစ်ဖြစ် မီးကူးစက် ခြင်းကို ကာကွယ် ဘို့)
3.    Means of detection and extinguishment of fire (မီးလောင်တာ ကို အာရုံခံ သိရှိ နိုင်ဘို့ နဲ့ ငြိမ်းသတ် နိုင်ဘို့) တွေပါဝင်ပါတယ်။

o    လူတွေရဲ့ အသက် အန္တရာယ် မဖြစ်စေဘို့ က အဆောက်အအုံ တစ်ခုအတွက် အရေးအကြီး ဆုံး လိုအပ်ချက် ပါ။ မီးလောင်မှု တစ်ခု ဖြစ်ပြီ ဆိုရင် ပထမဆုံး အန္တရာယ် ပေးမှာ က အထဲမှာ ရှိနေသူ တွေ ကို ပါ။ နေထိုင်၊ သုံးစွဲ တဲ့သူတွေ၊ အဆောက်အအုံ ကို အသုံးပြုမှု ပုံစံ၊ လုပ်ငန်း တွေ အပြင် အဆောက်အအုံ ရဲ့ အမျိုးအစား နဲ့ အမြင့်တွေ ပေါ် မူတည်ပြီး Structural Fire Precaution လိုအပ်ချက် ကွဲပြားနိုင်ပါတယ်။
o    High-rise Building တွေမှာ ရှိနေတဲ့ လူတွေ ကို ကာကွယ် ဘို့ လိုအပ် တဲ့ Means of Escape က စိန်ခေါ်မှု တစ်ခုပါ။ အတွင်းထဲ မှာ ရှိနေတဲ့ လူတွေ ကို ကာကွယ် ပေးနိုင်ဘို့ အတွက် မီးအားကို မပြင်းအောင် ထိန်းနိုင်ဘို့ လိုအပ်သလို လူတွေ ကို လည်း အဲဒီ High-rise Building ထဲ မှာ ပဲ ဘေးကင်းရာ ကို ရွှေ့ပြောင်းပေး နိုင်ဘို့ လိုအပ်နိုင်ပါတယ်။
o    ဘယ်အခြေအနေ မှာ မှ လူတွေ မီးထဲ မှာ ပိတ်မိ မနေအောင် ဒီဇိုင်း လုပ်ဘို့ ဆိုတာ တော့ မဖြစ်နိုင် ပါဘူး။ မီးသတ်စနစ် တွေ ကို သေသေချာချာ ထိန်းသိမ်း မထားတာ၊ အရေးပေါ် အခြေအနေ မှာ လုပ်သင့်တာ ကို မလုပ် နိုင်တာ တွေ စတဲ့ လူတွေ ရဲ့ ပေါ့လျော့မှု တွေကြောင့် လည်း အဆောက်အအုံ ထဲမှာ လုံးဝ အန္တရာယ် ကင်းရှင်းဘို့ က မဖြစ်နိုင်ပြန် ပါဘူး။
o    ဒါကြောင့် မို့ Architects တွေ Engineers တွေ နဲ့ Building designers တွေ Life Safety၊ မီးဒါဏ် ခံနိုင်ရေး က တစ်ဖက်၊ လက်တွေ့လိုအပ်ချက်၊ အလှအပ၊ ဒီဇိုင်း နဲ့ Fire Regulations ကို မျှမျှတတ စဉ်းစားချင့်ချိန် တဲ့ အခါ အခက်အခဲ တွေ၊ ကန့်သတ်ချက် တွေ ကို ကြုံတွေ့ ရ လေ့ရှိပါတယ်။
o                                                                                 www.view-gipsy.blogspot.com

No comments:

Post a Comment