Monday, September 8, 2014

HVAC



                     HVAC ရှေ့မှ အဆက်………
    • တချို့ အချက်အလက် တွေက ဒီဇိုင်း စဘို့ပေးထား ပေမဲ့ Iterative Design Process တစ်လျှောက်မှာ modification လုပ်ဘို့ ရှိနိုင်ပါတယ်။ ဥပမာ။ ။ Clients (ပိုင်ရှင်၊ အလုပ်ရှင်) နဲ့ Architects တွေက မှန်အပြည့်ကပ် ဘို့ ပြင်ဆင်ထား ပေမဲ့လို့ energy implication လိုအပ်ချက် ကြောင့် မှန် အရွယ်အစား လျှော့ပေး ရတဲ့ အခြေအနေမျိုး လည်းရှိနိုင်ပါတယ်။ Mechanical Engineer ကိုယ်တိုင်လည်း ကိုယ်လိုချင်တဲ့ အခြေအနေ အတွက် ဘယ်စနစ် က အကောင်းဆုံးဖြစ်မလဲ ရှာဖွေတွေ့ရှိစေဘို့ System Components အမျိုးမျိုး နဲ့ Control Strategies အဖုံဖုံ ကိုပေါင်းစပ်ပြီး ကြည့်နိုင်ပါတယ်။ ဒါကြောင့်မို့ ဒီဇိုင်း မှာ အဆက်မပြတ်၊ ရှေ့တိုးနောက်ဆုတ်၊ ထပ်တစ်လဲလဲ ဆန်းစစ်၊ လက်တွေ့ ရနိုင်တဲ့ Component နဲ့ Control Option တွေကို ပါင်းစပ်ပြီး Constraints (ကန့်သတ် ထားတဲ့ ဘောင်) တွေ အားလုံးထဲ ဝင်မဲ့ အသင့်တော်ဆုံး၊ အကောင်းဆုံး အဖြေကို ရှာရပါတယ်။ ဒါကြောင့် ဒီဇိုင်း လုပ်တဲ့ အထဲမှာ ထပ်တလဲလဲ ဆန်းစစ်ရတဲ့ Engineering Analysis သဘောတရား တွေပါဝင်တာ တွေ့နိုင်ပါတယ်။
    • ဒီဇိုင်း ရဲ့ ပထမခြေလှမ်း က အဖြေတွေတွေ့ နိုင်တဲ့ ဘောင်ကို အကြမ်း သတ်မှတ်ဘို့ ဖြစ်တာ ကြောင့် နောက်ခံ မရှိခဲ့တဲ့ သူတွေအတွက် ဘယ်ကစရမှန်း မသိဖြစ်တတ်ပါတယ်။ ဒီအခက်အခဲ ကို ကျော်လွှား နိုင်ဘို့ အတွက် Initial Assumption တွေကို အရင်လုပ်၊ ပြီးမှ Analysis ထပ်ထပ်လုပ် ပြီး Improve လုပ်ရပါတယ်။
Building MEP system တွေကို Design ကောင်းကောင်း လုပ်နိုင်တဲ့ Design Engineer ကောင်းတစ်ယောက် အချိန်တိုတို အတွင်း ဖြစ်နိုင်တာ မဟုတ် သလို လွယ်လွယ်နဲ့ ဖြစ်နိုင်တာ လည်း မဟုတ်ပါဘူး။
    • ကောင်းမွန် သင့်တော်တဲ့ Theoretical Knowledge (စာတွေ့ ဗဟုသုတ) တွေ သာမက အမှန်တကယ် Practical Field Experiences (လက်တွေ့ လုပ်ငန်း အတွေ့အကြုံ ကောင်း) တွေ ရှိရပါမယ်။
    • လိုအပ်တဲ့ Engineering Design Capability သာမက ဒေသဆိုင်ရာ Governing Rules, regulations and Standard Code of Practices ( ဥပဒေ စည်းမျဉ်း စည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်း) တွေ ကို သိနားလည် နေရပါ မယ်။
    • Design Team ဓလေ့ ထုံးစံ Coordination Design Processes လုပ်ငန်း အဆင့်ဆင့် တွေနဲ့ ရင်းနှီး နေဘို့ လည်း လိုအပ်ပါတယ်။ Team အတွင်း မှာ သာမက ပတ်သက်တဲ့ Clients နဲ့ရော Other Related Parties တွေနဲ့ပါ Interaction / Coordination (ညှိနှိုင်းရတာ၊ အထပ်ထပ် အခါခါ ဆွေးနွေးရတာ၊) တွေ ရှိတာ မို့ Communication Skill လည်း အထိုက်အလျှောက် လိုအပ်ပါတယ်။ နောက် ထပ်တလဲလဲ ပြန်လုပ်ရတာ ရယ်။ သေသေချာချာ ပြီးပြီ ဆိုမှ Client ဆီက မီးနီ အပြခံရတာတွေ ကလည်း မရိုးနိုင်တာ မို့ သီးခံ ရည်ရှိဘို့နဲ့ စိတ်ရှည်ဘို့လည်း လိုအပ်ပါတယ်။
    • Public Safety လူတွေ အန္တရာယ် မဖြစ်အောင် ကာကွယ် နိုင်တဲ့ ဗဟုသုတ နဲ့ အတွေ့အကြုံ ရှိပြီး အမြဲ တမ်း ထည့်သွင်း စဉ်းစားနေ လည်း လိုအပ်ပါတယ်။
    • ကိုယ် မလုပ်ဘူးသေး တဲ့ စနစ်အသစ် တစ်ခု စတင် ဒီဇိုင်း လုပ်ရမဲ့ အချိန်မှာ အတွေ့အကြုံ ရှိတဲ့ အင်ဂျင်နီယာ တွေနဲ့ တွဲ လုပ်ခွင့် ရဘို့ လိုအပ်ပါတယ်။ လုပ်ငန်း အတွေ့အကြုံ ရှိလာ လေလေ၊ မြန်ဆန်လာလေလေ၊ အမှားနည်းလေလေ ဖြစ်ပါတယ်။(အစ ထဲက အမှားလုပ်ထားဘူးတာ ကို အမှန်လို့ မြင်ပြီး ထပ်မှားနေတာ မဟုတ် ခဲ့ရင် ပေါ့ လေ။)
      ဒါကြောင့် မို့ ကိုယ်တိုင် မကျွမ်းကျင် သေးတဲ့၊ လုပ်ငန်း အတွေ့အကြုံ မရှိသေးတဲ့ အလုပ်မှာ လက်တဲ့ မစမ်းကြဘို့ သတိပေးရတာပါ။ ဒါဟာ Professional Ethic Code: ထဲက ကျင့်ဝတ် တစ်ခု လည်း ဖြစ်ပါတယ်။
    •                      
    •                                   www.view-gipsy.blogspot.com

No comments:

Post a Comment