Electricity (Power) Supply Systems
Electricity (Power) Supply Systems တွေ ကိုကြည့်မယ်ဆိုရင်
Power Generation Systems
Power Transmission Systems
Power Distribution Systems
Low-Voltage Systems
Power Plants လို့ခေါ်တဲ့ Electrical Power Generators အမျိုးမျိုး ကနေ လျှပ်စစ်ဓာတ် ကို ထုတ်လုပ် နိုင်ပါတယ်။ ဒီ Generators တွေ ကို မောင်းနှင်ဘို့ အတွက် prime mover တွေကို ရေနံ၊ ဒီဇယ်သုံး အင်ဂျင်တွေ၊ ကျောက်မီးသွေး၊ အခြားလောင်စာတွေ Biogasifier တွေ နဲ့ Nuclear တွေ ကိုအသုံးပြုတဲ့ Steam Turbines တွေ၊ Gas Turbines တွေ သာမက Green Sources တွေဖြစ်တဲ့ Geothermal, Hydro, Tidal, Wind, Solar, etc. တွေကနေလည်း ရရှိနိုင်ပါတယ်။
Engineering နှင့် ဆိုင်သော အသိပညာများကို ဝေမျှပေးသော Blog (တချို့အကြောင်းအရာများသည် တဆင့်ပြန်လည်ဝေမျှထားခြင်း ဖြစ်ပါကြောင်း)
Labels
- Electrical (11)
- Fire protection (4)
- Green & Environment (1)
- HVAC (3)
- MEP System (1)
- PLC (4)
- plumbing & Sanitary (1)
- Sustainable (1)
- Swimming Pool (1)
- ခံစားမိသော ရသများ (3)
- စာအုပ်အညွှန်း (3)
- နည်းပညာသုတ (4)
- လက်စွဲစကားများ (4)
- သီချင်းစာအုပ် (3)
Saturday, August 30, 2014
Green Energy
Green Energy
ဒီတစ်ပါတ် တော့ မရှိမဖြစ် လိုအပ်လာတဲ့ ပတ်ဝန်းကျင် နဲ့ သဟဇာတ ဖြစ်မဲ့ Green Energy တွေ အကြောင်း တင်ပြ ထားပါတယ်။ရည်ရွယ်ချက် ကတော့ MEP Systems တွေကို Green Building Design Criteria တွေ နဲ့ ဆက်နွယ် စဉ်းစားတဲ့ အခါ အခြေခံ တွေကို နားလည်ထား ဘို့ပါ။ နောက်ကြုံတဲ့ အခါ Engineering Aspect တွေကို ပါထည့်သွင်း ပေးပါမယ်။

MEP System
ဆောက်လုပ်ရေး လုပ်ငန်း နဲ့ MEP Systems
မျက်မှောက်ခေတ် (တိုးတက်နေတဲ့) အဆောက်အအုံ တွေ ဟာ မိုးဒါဏ်၊ နေဒါဏ်၊ လေဒါဏ်၊ ဆီးနှင်းဒါဏ်၊ အစရှိတဲ့ ရာသီဥတုဒါဏ် တွေ ကနေ အကာအကွယ်၊ အမိုးအကာ ပေးတဲ့ ခိုလှုံရာ သက်သက် လောက် တင် မဟုတ်တော့ပါဘူး။ လူတွေ သက်တောင့်သက်သာ စိတ်အေး ချမ်းမြေ့စွာ နေထိုင်နိုင်ဘို့ နဲ့ တွင်တွင်ကျယ်ကျယ် အလုပ်လုပ်နိုင် ဘို့ရာ ပိုပြီး သန့်ရှင်းကောင်းမွန် တဲ့၊ ပိုပြီး စံနစ်ကျ အဆင့်အတန်းမီ တဲ့၊ ပိုပြီး အလုပ်တွင်ကျယ် စေနိုင် တဲ့၊ ပတ်ဝန်းကျင် တွေကို ဖန်တီး ပေးနိုင်အောင် ဒီဇိုင်းလုပ် ပြီး ဆောက်လုပ် လာကြတာ ဖြစ်ပါတယ်။
ပူလို့၊ အိုက်လို့ ယပ်ခတ် ချွေးသုတ် စိတ်ရှုပ်နေ ရတာမျိုး၊ ချမ်းလို့ တုန်လို့ အလုပ် မတွင်တာမျိုး၊ နားငြီးလွန်းလို့ စိတ်ရှုပ်ရတာ မျိုး၊ မှောင်လွန်းလို့ (သို့) လင်းလွန်းလို့ အလုပ်လုပ် မရတာမျိုး တွေ မဖြစ်တော့ပဲ အလုပ်မှာပဲ ပိုပြီး အာရုံ စိုက်နိုင် လာလို့ အလုပ် ပိုတွင်ရတာပါ။
………… ဆက်လက်ဖော်ပြပေးပါမည်။
www.view-gipsy.blogspot.com

Sanitary
Sanitary Plumbing Systems: Introduction
Sanitary ဆိုတာက ကျန်းမာသန့်ရှင်းရေး လို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် Sanitary Plumbing ဆိုတာ ရေပေးဝေ ရေးနှင့် ရေဆိုးနုတ်တဲ့ စနစ်ကို ခေါ်တာဖြစ်ပါတယ်။ ဒီတစ်ပါတ် တော့ Sanitary Drainage System (ရေဆိုးနုတ် တဲ့စနစ်) အကြောင်းကို တင်ပြမှာ ဖြစ်ပါတယ်။ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ ရေဆိုး တွေကို လူတွေ နဲ့ မထိတွေ့ရလေ အောင်စနစ်တကျ စွန့်ပစ်တဲ့ နည်းစနစ်ပါ။
HVAC
HVAC Systems: Introduction to Design
HVAC အခြေခံ လိုအပ်ချက်တွေ ကို မိတ်ဆက်ပေး ဘို့ရည်ရွယ်ချက်နဲ့ တင်ပြထားတာပါ။
Introduction
ဒီဇိုင်း ရေးရာပြဿနာ တွေကို အဖြေရှာတဲ့ အခါ၊ အဖြေကို သတ်သတ်မှတ်မှတ် ပြောနိုင်ဘို့ ခက်ပါတယ်။ အထူးသဖြင့် ခုမှလုပ်ငန်းခွင်ထဲ ရောက်လာတဲ့ အင်ဂျင်နီယာ အဖို့ ဘယ်နေရာ ကနေ စရှင်းရမလဲ ဆုံးဖြတ်နိုင်ဘို့ ဆိုတာ အင်မတန် ခက်ခဲ တဲ့ အလုပ်တစ်ခုပါ။

Swimming Pools
Swimming Pools (ရေကူးကန် များ)
ရေကူးတာ က ကျန်းမာရေး အတွက် အထောက်အကူ ပြုတဲ့ အားကစား တစ်ခု ဖြစ်သလို ပျော်စရာ လည်း ကောင်းပါတယ်။ အသက်အရွယ် မရွေး (ပိန်ပိန်၊ ဝဝ) သင့်တော်တဲ့၊ သက်တောင့်သက်သာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်သလို၊ အရေးကြုံရင် သက်လုံကောင်းစေ ဘို့အတွက် ကျွမ်းကျင်မှု (Survival skill ) တစ်ခု လည်း ဖြစ်ပါတယ်။ ( စနစ်မကျတောင် ရေကောင်းကောင်း ကူးတတ်ဘို့ တော့ လိုတာပေါ့။ ကောင်းကောင်း မကူးတတ် ရင်တောင်မှ ရေတိမ်တိမ်မှာ ဘောကွင်းနဲ့ ဆော့နိုင်ပါသေးတယ်။ (ရေမကူးတတ်ရင် တော့ ရေကူးကျွမ်းကျင် တဲ့ အဖော်ပါမှ ဆော့စေချင်ပါတယ်။)
အေးအေးဆေးဆေး နဲ့ အန္တရာယ် ကင်းကင်း ရေကူး ချင်သူတွေ အတွက် လိုအပ်ချက် တွေ ကို Swimming Pools (ရေကူးကန်) တွေ က ဖြည့်ဆီးပေးနေပါတယ်။
……ဆက်လက်ဖော်ပြပေးပါမည်။

Wednesday, August 27, 2014
သီချင်း ၁
ဘော်ဒါ၊ အပေါင်းအသင်းတို့ အတွက် သီချင်းကောင်းများကို
ရှာကြံပြီး Blog မှာတင်ပေးသွားမှာ ဖြစ်လို့ ဆက်လက်စောင့်မျှော်ပါရန်……
Introduction to Fire Protection Systems
အဆောက်အအုံ တစ်ခု အတွက် အရေးကြီး တဲ့
အချက် ကတော့ မီးကြောင့် လူတွေ အနာတရ ဖြစ်ရတာ၊ အသက်ဆုံးရှုံးရတာ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးရတာ
တွေကို တတ်နိုင်သမျှ ကာကွယ်နိုင်ဘို့ လိုအပ်ပါတယ်။
တိုးတက်နေတဲ့ နိုင်ငံတွေ မှာ အဆောက်အအုံ တွေ အတွက် Fire Protection Systems တွေ ကလည်း မပါမဖြစ် အဓိက လိုအပ်ချက် အနေ နဲ့ ပါဝင်ပါတယ်။
တိုးတက်နေတဲ့ နိုင်ငံတွေ မှာ အဆောက်အအုံ တွေ အတွက် Fire Protection Systems တွေ ကလည်း မပါမဖြစ် အဓိက လိုအပ်ချက် အနေ နဲ့ ပါဝင်ပါတယ်။
Tuesday, August 26, 2014
Wire
WIRE / CABLE
လျှပ်စစ်ဓါတ်အားကို
တစ်နေရာမှ တစ်နေရာသို့ ပို့လွှတ်ရန် လျှပ်ကူးကြိုး(conductor)
ဟု ခေါ်သော Wire, Cable များ အသုံးပြုသည်။တည်ဆောက်ပုံ
နှင့် သုံးစွဲသော နေရာအလိုက် wire အမျိုးအစား ကွဲပြားသည်။
ယေဘူယအားဖြင့် လျှပ်တားတစ်ထပ်ပါ ၀ါယာ (Single Insulated wire)
၊ လျှပ်တားနှစ်ထပ်ပါ ၀ါယာ(Double Insulated)
၊ မြေအောက်ဝါယာ (Underground Cable) ဟု ခွဲခြားထားပါသည်။ ထို့အပြင် ၀ါယာကြိုးအရေအတွက်အလိုက်
Single Wire(One Core) နှင့် Double Wire/Twin Wine/2 Core /3 Core, 4Core) ဟု ထပ်မံ ခွဲခြားထားသည်။
Single Core (one core) wire
ကို လျှပ်စစ်စနစ်အားလုံးတွင် အသုံးပြုသည်။ Twin 2 core
wire ကို single phase 2 wire system တွင်လည်းကောင်း ၊ 4 core
wire ကို 3 phase , 4 wire system တွင်လည်းကောင်း
အသုံးပြုနိုင်သည်။
Wire /Cable
များပေါ်တွင် ဖုံးအုပ်ထားသော လျှပ်တား(Insulation cover)
များအလိုက် အမျိုးမျိုး ရှိပါသည်။ ယင်းတို့မှာ …..
(1) Bare Copper Wire
(2)
PVC Wire
(3)TRS Wire
(4) VIR Wire
(5)
Flexible Wire
(6)
XLPE Wire
view-gipsy.blogspot.com
adm;..sithu
Thursday, August 21, 2014
e-Commerce
e-Commerce မတက်ရင် မနက်ဖြန်ဈေးဘယ်လိုရောင်းမလဲ (ကောင်းမြတ်ထွဋ်)
ကျွန်တော်လို အွန်လိုင်းစီးပွားရေးစိတ်ဝင်စားသောသူငယ်ချင်းများဖတ်သင့်တယ်လို့
ထင်ပါတယ် ။
တခြားဘယ်လိုစာအုပ်တွေဖတ်သင့်လဲဆိုတာ
သိသောသူများလမ်းညွှန်ပေးပါလို့ …….။

ADM;..sithu(view-gipsy.blogspot.com)
သူ့ကျွန်မခံပြီ
ရင်ထဲမှာ ဘလောင်ဆူ …
ရှင်သန်နိုးထလာသော မျိုးချစ်စိတ်
မခံချင်စိတ်တွေ
နိုးကြွ
အသိပညာမဲ့မှု့ရဲ့ နောင်တ
အားမလိုအားမရတဲ့ ရသ
တကယ်တော့ ကင်းဝန်မင်းကြီးရဲ့ အသိပညာစိတ်ဓါတ်သာ
စုဖုရားလတ်မှာ ရှိခဲ့ရင်….
ငါတို့ အမိမြေ ဘယ်တော့မှ သူ့ကျွန်ဘ၀ရောက်မှာ
မဟုတ်ဘူးဆိုတာ……….။
(သူ့ကျွန်
မခံပြီ…ဇာတ်ကားကြည့်ပြီး ခံစားမိသော အတွေးများသာ…)။
www.view_gipsy.blogspot.com
adm;...sithu
Circuit Breakers
ကျွန်တော် အလုပ်လျှောက်ခါစ အင်တာဗျူးမှာ မေးသော
breakers များအကြောင်းကို မသိသေးသော ညီအစ်ကိုများအတွက် post တင်ပေးလိုက်ပါတယ်။
Power
System Circuit Breakers
လျှပ်စစ်ဓါတ်အား ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း နှင့် အသုံးပြုခြင်းများတွင်
လျှပ်စစ်အနÅရာယ်
ဖြစ်ပေါ်ပါက ဖြတ်တောက်ရန် နှင့် ကာကွယ်ရန် circuit breaker များကို အသုံးပြုကြသည်။
High Voltage Circuit breakers…..(5) type
(1) Oil circuit breaker(OCB)
ထွက်ပေါ်လာသော မီးပွားများကို ဆီနှင့် ငြိမ်းသတ်ပေးသော
breaker …
Tuesday, August 19, 2014
အရိုးဟာ အရိုးပါပဲ
အရိုးဟာ အရိုးပါပဲ
ကာမဂုဏ်အာရုံနဲ့
မိမိရဲ့စိတ်နဲ့ တွေ့လိုက်တဲ့အချိန်မှာ
တကယ်တော့ အရသာလုံးဝမရှိုပါဘူး။
အသားလုးံဝမရှိတော့တဲ့ အရိုးလိုပါပဲ…..
ဘာအရသာမှ မရှိပါဘူး။
ဒါပေမယ့်…….
မိမိရဲ့စိတ်တည်းဟူသော
ခံတွင်းကနေထွက်လာတဲ့
တဏှာတည်းဟူသော သွားရည်လေးကြောင့်
အဲဒီအာရုံလေးကို အရသာရှိတယ်လို့
ထင်မှတ်သွားပါတယ်။
အရိုးကိုက်ရင်း ထွက်လာတဲ့
သွားရည်လေးကြောင့် အသားလုံးဝမရှိတဲ့အရိုးကို
အရသာရှိတယ်လို့ အရိုးကိုက်တဲ့ခွေး ထင်မှတ်သွားသလိုပါပဲ။
www.view-gipsy.blogspot.com
Subscribe to:
Posts (Atom)