Saturday, August 30, 2014

Sanitary


Sanitary Plumbing Systems: Introduction
Sanitary ဆိုတာက ကျန်းမာသန့်ရှင်းရေး လို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် Sanitary Plumbing ဆိုတာ ရေပေးဝေ ရေးနှင့် ရေဆိုးနုတ်တဲ့ စနစ်ကို ခေါ်တာဖြစ်ပါတယ်။ ဒီတစ်ပါတ် တော့ Sanitary Drainage System (ရေဆိုးနုတ် တဲ့စနစ်) အကြောင်းကို တင်ပြမှာ ဖြစ်ပါတယ်။ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ ရေဆိုး တွေကို လူတွေ နဲ့ မထိတွေ့ရလေ အောင်စနစ်တကျ စွန့်ပစ်တဲ့ နည်းစနစ်ပါ။

Introduction
ဒီနေရမှာ အလျင်းသင့်လို့ သင့်တော်မယ့် စကာင်္ပူ နိုင်ငံ ရဲ့ Code of Practice on Sewerage and Sanitary Works ကို မှီငြမ်းစရာ အဖြစ်ရွေးချယ် ထားပါတယ်။ ဒီစာအုပ် က Online Free download လုပ်နိုင်တာရယ်၊ အချက်အလက် ပြည့်စုံတာရယ် နဲ့ လက်ရှိ ကမ္ဘာပေါ်မှာ သုံးနေတဲ့ အဆင့်အတန်း ကောင်းတွေ နဲ့ ညီမျှတာရယ် တွေ ကြောင့် ရွေးချယ်ရတာပါ။
ကျန်ခဲ့တဲ့ နှစ်သုံးလေးဆယ် လောက်ကို ပြန်ကြည့်မယ် ဆိုရင် စကာင်္ပူရဲ့ လူနေရပ်ကွက် အတော်များများက ကျေးရွာ လေးတွေပါ။ ရေတွင်းကရေ ခပ်၊ ခြံစိုက်၊ ဝက်မွေး၊ ဘဲမွေး၊ တံငါ လုပ် စသည်ဖြင့် ပေါ့။ စကာင်္ပူ ဆိုတာ ခုလို သန့်ရှင်းတိုးတက်နေတဲ့ နိုင်ငံ ဖြစ်လာမယ် လို့ ဘယ်သူထင်ပါ့ မလဲ။ အမြော်အမြင် ရှိတဲ့ ပညာတတ် ပြီး (သင်္ကြန် အမြောက် မဟုတ်ပဲ) အလုပ် တကယ် ဖြစ်အောင် လည်း လုပ်နိုင်တဲ့ ခေါင်းဆောင်တွေ ရဲ့ ကြိုးစားမှု နဲ့ ဒီနေ့ စကာင်္ပူ နိုင်ငံ ဟာ ရေသန့် ထုတ်လုပ်မှု မှာ ရှေ့ပြေးနေသလို၊ ရေဆိုးကို သန့်စင်တဲ့ နေရာမှာ လည်း ထိပ်ကိုရောက်နေ ပါတယ်။
…………ဆက်လက်ဖော်ပြပေးပါမည်။
                                                                                            www.view-gipsy.blogspot.com

No comments:

Post a Comment