Saturday, August 30, 2014

MEP System

ဆောက်လုပ်ရေး လုပ်ငန်း နဲ့ MEP Systems
မျက်မှောက်ခေတ် (တိုးတက်နေတဲ့) အဆောက်အအုံ တွေ ဟာ မိုးဒါဏ်၊ နေဒါဏ်၊ လေဒါဏ်၊ ဆီးနှင်းဒါဏ်၊ အစရှိတဲ့ ရာသီဥတုဒါဏ် တွေ ကနေ အကာအကွယ်၊ အမိုးအကာ ပေးတဲ့ ခိုလှုံရာ သက်သက် လောက် တင် မဟုတ်တော့ပါဘူး။ လူတွေ သက်တောင့်သက်သာ စိတ်အေး ချမ်းမြေ့စွာ နေထိုင်နိုင်ဘို့ နဲ့ တွင်တွင်ကျယ်ကျယ် အလုပ်လုပ်နိုင် ဘို့ရာ ပိုပြီး သန့်ရှင်းကောင်းမွန် တဲ့၊ ပိုပြီး စံနစ်ကျ အဆင့်အတန်းမီ တဲ့၊ ပိုပြီး အလုပ်တွင်ကျယ် စေနိုင် တဲ့၊ ပတ်ဝန်းကျင် တွေကို ဖန်တီး ပေးနိုင်အောင် ဒီဇိုင်းလုပ် ပြီး ဆောက်လုပ် လာကြတာ ဖြစ်ပါတယ်။
ပူလို့၊ အိုက်လို့ ယပ်ခတ် ချွေးသုတ် စိတ်ရှုပ်နေ ရတာမျိုး၊ ချမ်းလို့ တုန်လို့ အလုပ် မတွင်တာမျိုး၊ နားငြီးလွန်းလို့ စိတ်ရှုပ်ရတာ မျိုး၊ မှောင်လွန်းလို့ (သို့) လင်းလွန်းလို့ အလုပ်လုပ် မရတာမျိုး တွေ မဖြစ်တော့ပဲ အလုပ်မှာပဲ ပိုပြီး အာရုံ စိုက်နိုင် လာလို့ အလုပ် ပိုတွင်ရတာပါ။
………… ဆက်လက်ဖော်ပြပေးပါမည်။
                                                                   www.view-gipsy.blogspot.com

No comments:

Post a Comment