Electricity (Power) Supply Systems
Electricity (Power) Supply Systems တွေ ကိုကြည့်မယ်ဆိုရင်
Power Generation Systems
Power Transmission Systems
Power Distribution Systems
Low-Voltage Systems
Power Plants လို့ခေါ်တဲ့ Electrical Power Generators အမျိုးမျိုး ကနေ လျှပ်စစ်ဓာတ် ကို ထုတ်လုပ် နိုင်ပါတယ်။ ဒီ Generators တွေ ကို မောင်းနှင်ဘို့ အတွက် prime mover တွေကို ရေနံ၊ ဒီဇယ်သုံး အင်ဂျင်တွေ၊ ကျောက်မီးသွေး၊ အခြားလောင်စာတွေ Biogasifier တွေ နဲ့ Nuclear တွေ ကိုအသုံးပြုတဲ့ Steam Turbines တွေ၊ Gas Turbines တွေ သာမက Green Sources တွေဖြစ်တဲ့ Geothermal, Hydro, Tidal, Wind, Solar, etc. တွေကနေလည်း ရရှိနိုင်ပါတယ်။
ဘယ်ကနေ ပဲ ထုတ်ထုတ်၊ ဈေးနှုန်းသက်သက်သာသာ နဲ့ ဖြန့်ဝေပေးနိုင် ဘို့၊ လိုအပ်ချက်အတိုင်း အရည်အသွေး ပြည့်ဝတဲ့ ပါဝါ ရနိုင်ဘို့၊ နဲ့ ရေရှည်ထုတ်ယူနိုင်ဘို့ လိုအပ်ပါတယ်။ ဒါ့အပြင် လုံခြုံစိတ်ချ အန္တရာယ် ကင်းဝေးစေဘို့ နဲ့ ပတ်ဝန်းကျင် အပေါ်ထိခိုက် မှု နည်းစေဘို့ တွေ ကလည်းထည့်သွင်းစဉ်းစားရမဲ့ အချက်တွေပါ။
အကြမ်း အားဖြင့် ရင်းနှီးမြှုပ်နှံမှု ရဲ့ ၅၀% ကို လျှပ်စစ်ထုတ် စက်ရုံတွေ အတွက်၊ ၃၀% ကို ပို့ဆောင်မှု အတွက်၊ နဲ့ ၂၀% ကိုဖြန့်ဖြူးဘို့ အတွက် အသုံးပြုရပါတယ်။ လောင်စာဆီဘိုး၊ လည်ပတ်စရိတ် နဲ့ ပြုပြင်ထိန်းသိမ်း စရိတ်က လည်း annual investment cost (တစ်နှစ်စာ ရင်းနှီးမြှုပ်နှံမှု ငွေ) ရဲ့ ၂၃၀% လောက် ကို ရှိနိုင်ပါတယ်။
Power Station တစ်ခုတည်ဆောက်ဘို့ အတွက် ပျမ်းမျှ Lead Time က ၅ နှစ်လောက် လိုအပ်ပါတယ်။ ဒါပေမဲ့ Investment Cost (ရင်းနှီးမြှုပ်နှံငွေ) နဲ့ (Operating Cost) လည်ပတ်ငွေ တွေကို Optimize (အကျိုးအရှိ ဆုံး အသုံးချ) နိုင်ဘို့ အတွက် Expansion Planning ကို ၁၅နှစ်လောက် ကြိုတင်လေ့လာ ဆန်းစစ်မှုပြုရပါတယ်။
အောက်မှာ US. DOE ရဲ့ Simple diagram of electricity grids in North America ကိုဖော်ပြထားပါတယ်။
view-gipsy.blogspot.com
adm; sithu
No comments:
Post a Comment