Saturday, August 30, 2014

HVAC

HVAC Systems: Introduction to Design

HVAC အခြေခံ လိုအပ်ချက်တွေ ကို မိတ်ဆက်ပေး ဘို့ရည်ရွယ်ချက်နဲ့ တင်ပြထားတာပါ။
Introduction
ဒီဇိုင်း ရေးရာပြဿနာ တွေကို အဖြေရှာတဲ့ အခါ၊ အဖြေကို သတ်သတ်မှတ်မှတ် ပြောနိုင်ဘို့ ခက်ပါတယ်။ အထူးသဖြင့် ခုမှလုပ်ငန်းခွင်ထဲ ရောက်လာတဲ့ အင်ဂျင်နီယာ အဖို့ ဘယ်နေရာ ကနေ စရှင်းရမလဲ ဆုံးဖြတ်နိုင်ဘို့ ဆိုတာ အင်မတန် ခက်ခဲ တဲ့ အလုပ်တစ်ခုပါ။

ပြဿနာ ကိုက တိတိကျကျ သတ်မှတ်ချက် ရှိချင်မှ ရှိမယ်။ လိုအပ်တဲ့ Design Parameters (ဒီဇိုင်း အချက်အလက်) အချို့ ပျောက်ချင်ပျောက် နေမယ်။ အဖြေတွေ ကလည်း တစ်ခုမက။ အခြေအနေ၊ ပိုင်ရှင်၊ နေရာပေါ် လိုက်ပြီး တချို့အဖြေတွေက အခြား အဖြေတွေ ထက် ပိုကောင်းချင် ကောင်းပါမယ်။ မှားတယ်၊ မှန်တယ် ပြောလို့ရတာ မဟုတ်ပါဘူး။ တစ်ချို့လူတွေ အတွက် တစ်ချိန်ချိန် မှာ အဖြေ တစ်ခုက အခြား အဖြေ တွေထက် ပိုကောင်း ချင်ကောင်း နေတာကိုး။
ဘယ်အချိန်၊ ဘယ်သူ့အတွက် ဘယ်ဟာ က အသင့်တော်ဆုံးလဲ၊ ဘာကို ရွေးချယ် သင့်လဲ ဆုံးဖြတ် နိုင်ဘို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ လုပ်ဖော်ကိုင်ဖက် တွေဆီက ရဲ့ အမြင် ကို တောင်း ခြင်း ဖြင့် ကိုယ့်ရဲ့ တွေဝေ မှုကို လျှော့ချ နိုင်ပါတယ်။ ပြဿနာ တစ်ခုစီအတွက် တွေ့ထားတဲ့ အဖြေတွေရဲ့ အကောင်းအဆိုး အနည်းအများ ကို ချင့်ချိန် ပြီး အသင့်တော်ဆုံး အဖြေကို ရွေးရပါတယ်။      

 ဆက်လက် ဖော်ပြပေးပါမည်။
                                                  www.view-gipsy.blogspot.com

No comments:

Post a Comment