အရိုးဟာ အရိုးပါပဲ
ကာမဂုဏ်အာရုံနဲ့
မိမိရဲ့စိတ်နဲ့ တွေ့လိုက်တဲ့အချိန်မှာ
တကယ်တော့ အရသာလုံးဝမရှိုပါဘူး။
အသားလုးံဝမရှိတော့တဲ့ အရိုးလိုပါပဲ…..
ဘာအရသာမှ မရှိပါဘူး။
ဒါပေမယ့်…….
မိမိရဲ့စိတ်တည်းဟူသော
ခံတွင်းကနေထွက်လာတဲ့
တဏှာတည်းဟူသော သွားရည်လေးကြောင့်
အဲဒီအာရုံလေးကို အရသာရှိတယ်လို့
ထင်မှတ်သွားပါတယ်။
အရိုးကိုက်ရင်း ထွက်လာတဲ့
သွားရည်လေးကြောင့် အသားလုံးဝမရှိတဲ့အရိုးကို
အရသာရှိတယ်လို့ အရိုးကိုက်တဲ့ခွေး ထင်မှတ်သွားသလိုပါပဲ။
www.view-gipsy.blogspot.com
No comments:
Post a Comment